မချမ်းဘော့မြို့တွင် ရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်းဖွင့်လှစ်

မချမ်းဘော့  အောက်တိုဘာ 

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် မချမ်းဘော့မြို့နယ် ရဲတပ်ဖွဲ့ကကြီးမှူး၍ ရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်း ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၇ နာရီက အထကမချမ်းဘော့ ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မချမ်းဘော့မြို့နယ် ရဲတပ်ဖွဲ့မှူး ခင်မောင်ဇော် က အဖွင့်အမှာစကား ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းသို့ အထူးရဲသင်တန်းသား (၁၇)ဦး တက်ရောက်ကြမည်ဖြစ်ပြီး မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများမှ သင်တန်းပို့ချ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သင်တန်းကာလမှာ အောက်တိုဘာ() ရက်နေ့မှ (၂၈)ရက်နေ့အထိ ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း မချမ်းဘော့မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

အဆိုပါအခမ်းအနားသို့ မချမ်းဘော့မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူး မချမ်းဘော့မြို့နယ် ရဲတပ်ဖွဲ့မှူး၊ စခန်းမှူးနှင့် အထူးရဲသင်တန်းသား(၁၇) ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခွန်လင်းဦး (ပြန်/ဆက်)