မြစ်သားတွင် ကိုဗစ် − ၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ကုန်တင်ယာဉ်ကြီးများအတွက် ယာယီယာဉ်ရပ်နားစခန်း ဖွင့်လှစ်ထားရှိ

မြစ်သား အောက်တိုဘာ

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ မြို့နယ်အတွင်း ကိုဗစ် − ၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ကုန်စည်စီးဆင်းမှုအတွက် သွားလာနေသည့် ကုန်တင်ယာဉ်ကြီးများ အတွက် ယာယီယာဉ်ရပ်နားစခန်းဖွင့်လှစ်ကာ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

မြစ်သားမြို့အတွင်း ကုန်တင်ယာဉ်ကြီးများ ဖြတ်သန်းသွားလာမှုနှင့် ပတ်သက်၍ စံသတ်မှတ်ချက် (Standard Operating Procedure-SOP) ပါအတိုင်း စနစ်တကျလိုက်နာမှု ရှိစေရေးအတွက် ယာယီ ယာဉ်ရပ်နားစခန်းကို ရေဝန်းကျေးရွာနှင့် လက်ညှိုးထိုးဂိတ်အကြားတွင် ယမန်နေ့မှစတင်ကာ ဖွင့်လှစ် ဆောင်ရွက်ထားရှိပြီး ကုန်တင်ယာဉ်ကြီးများ အား မြို့အတွင်း၊ ကျေးရွာအတွင်းသို့ ဝင်ရောက်ခြင်း မပြုပဲ ယခုဖွင့်လှစ်ထားသည့် ယာယီ ယာဉ်ရပ်နားစခန်းသို့၀င်ရောက်ပြီး ကျန်းမာရေးစစ်ဆေး၍ (Swab) ရယူပြီး Negative အဖြေရရှိမှ ပြန်လည်မောင်းနှင်စေမည်ဖြစ်ရာ လိုက်နာမှုမရှိပဲ မြို့အတွင်း၊ ကျေးရွာအတွင်း ဝင်ရောက်ရပ်နားပြီး နေထိုင်ပါက Quarantine (၁၄) ရက်ဝင်ရမည် ဖြစ်ကြောင်း၊ သတင်းပို့ရန် ပျက်ကွက်ပါက ဉပဒေအရ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ ယာယီယာဉ်ရပ်နား စခန်းထားရှိရာသို့ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဉက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးက ကွင်းဆင်း စစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် ကိုဗစ် ၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိပြီး ကုန်စည်စီးဆင်းမှုအတွက် သွားလာနေသည့် မော်တော်ယာဉ်ကြီးများအပြင် အခြားယာဉ်များ ကိုလည်း မြို့အဝင်/အထွက်များတွင် မော်တော်ယာဉ် စစ်ဆေးရေးဂိတ် () ခုဖွင့်လှစ်ကာ ဌာနဆိုင်ရာများ၊ ကျန်းမာရေး အဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့များ၊ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းအဖွဲ့ဖြင့် နေ့စဉ်နံနက် () နာရီအချိန်မှ (၁၀)နာရီ အချိန်ထိ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆုမွန်(ပြန်/ဆက်)