ရေဇွာ အောက်တိုဘာ ၁
ချင်းပြည်နယ်၊ ရေဇွာမြို့၊ မြို့စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ စားသောက်ဆိုင်များနှင့် ကုန်စုံဆိုင်များအနေဖြင့် ကျန်းမာရေး ညွှန်ကြားချက်များနှင့် အညီ ဆောင်ရွက်ထားရှိမှု ရှိ/မရှိကို ယနေ့နံနက် ၈ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်းအောင်လိန်း၊ စည်ပင်အမှုဆောင်အရာရှိ ဒေါ်ဇာမီဝင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းပြီး ဆိုင်ရှင်များအား ကျန်းမာရေးညွှန်ကြား ချက်များနှင့်အညီ လက်ဆေးဘေစင်များစနစ်တကျထား ရှိပြီးလက်ဆေးစေခြင်း၊ Hand Gel များထားရှိပေးခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေ အကွာနေထိုင်စေခြင်းနှင့် ဆိုင်ရှင်များကိုယ်တိုင် Face Shield များ၊ နှာခေါင်းစည်း Mask များနှင့်လက် အိတ်များစွပ်ပြီးရောင်းချရန် အပတ်စဉ်ပညာပေးဆောင်ရွက်ခဲ့မှု များအားဆိုင်ရှင်များအနေဖြင့် လိုက်နာမှုရှိ၊မရှိရှောင်တခင်စစ်ဆေးခဲ့ကြ ကြောင်းသိရသည်။
မြို့စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ စားသောက်ဆိုင်များနှင့်ကုန်စုံဆိုင်များ အားလုံးကိုအပတ်စဉ် ကွင်းဆင်းပြီး ပညာပေးလုပ်ငန်းများကို ဆောင်ရွက်ရွက်ခဲ့ပြီးဖြစ်ပါတယ်၊ ဒီနေ့ကစပြီး စားသောက်ဆိုင်များနှင့် ကုန်စုံဆိုင်များအားလုံးအနေဖြင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသောစည်းကမ်းချက်များနှင့် အညီဆောင်ရွက်ထားရှိခြင်း မရှိတဲ့ ဆိုင်များအား အရေးယူခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း စည်ပင်အမှုဆောင်အရာရှိဒေါ်ဇာမီဝင်းထံမှသိရသည်။
ဟုန်းအွမ်(ပြန်/ဆက်)