တနိုင်းမြို့နယ်၌နေရပ်ပြန်လာသူများ၏ ဓာတ်ခွဲနမူနာများရယူ ကာ သီးသန့်စောင့်ကြည့်နေရာများတွင် ကန့်သတ်ထားရှိ

တနိုင်း အောက်တိုဘာ ၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ပြည်ပနှင့် ပြည်တွင်းရှိ အခြားမြို့နယ်များ မှ နေရပ်သို့ပြန်လည်ရောက်ရှိလာသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ စောင့်ကြည့်စစ်ဆေးရန် အတွက် မြို့နယ်မနောကွင်းအတွင်းရှိ ခန်းမ၌ (၁၄)ရက် ကန့်သတ်ထားရှိလျက်ရှိရာ စက်တင် ဘာလ(၂၁)ရက်နေ့တွင် ပြည်ပမှနေရပ်သို့ပြန်လာသူ ကျား(၇)ဦးနှင့် မ(၄)ဦးနှင့် မန္တလေးမှပြန်လာသူ မ(၁)ဦး စုစုပေါင်းကျား(၇)ဦးနှင့် မ(၅)ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုနိုင်ရေးအတွက် နှာခေါင်း တို့ပတ်၊ အာခေါင်တို့ပတ်အား ရယူခြင်းကို မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ယမန်နေ့ နံနက်(၁၀) နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

ယင်းသို့ဆောင်ရွက်ရာတွင် ပြည်ပနှင့် ပြည်တွင်းရှိ အခြားမြို့နယ်များမှ နေရပ်သို့ရောက်ရှိလာ သူ(၁၂)ဦး တို့အား မြို့နယ်ကျန်းမာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတို့က ဓာတ်ခွဲအတည်ပြုနိုင်ရေး အတွက် နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ် တို့အားရယူကာ သီးခြားကန့်သတ် ထားရှိပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအဆင့်ဆင့်သို့ ပို့ဆောင်စစ်ဆေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

စိုင်းထင်ကျော်(ပြန်/ဆက်)