တနိုင်း အောက်တိုဘာ ၁
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြိုနယ်တွင် ကိူဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် အသိပညာပေးခြင်းနှင့် Mask များအခမဲ့ဖြန့်ဝေပေးခြင်း လုပ်ငန်းများကို ယနေ့ နံနက်(၈)နာရီအချိန်က မြို့နယ်စည်ပင်သာယာဈေးနှင့် ပျံကျဈေးနေရာများတွင် မြိုနယ်စည်ပင် သာယာရေးအဖွဲ့မှ ဆောင်ရွက်ခဲ့ကြသည်။
ယင်းသို့ဆောင်ရွက်ရာတွင် တနိုင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကူးစက်မှုပြန့်ပွား မှုမရှိ စေရန် ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်ကမ်းချက်များ၊ လမ်းညွှန်ချက်များအား မြို့နယ်အတွင်းရှိပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာစေရန်အတွက် မြို့နယ်စည်ပင်သာယာဈေး အတွင်းနှင့် ဆင်မ်ဆာ့ရပ်ကွက်အပိုင်းနှင့် မုန်ဒိန်ရပ်ကွက်အပိုင်းရှိ ပျံကျဈေးတွင် ဈေးရောင်းသူများ၊ ဈေးဝယ်သူများနှင့် ဖြတ်သန်းသွား လာသူများအား အများပြည် သူများသိရှိလိုက်နာရမည့် ကျန်းမာရေးလမ်းညွှန်ချက်များကို အသိပေး ပြောကြားခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေ ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရ သည်။
အဆိုပါ အသိပညာပေးလုပ်ငန်းဆောင်ရွက်ခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ ဦးဖြိုးဝေဆန်းနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ အသိပညာပေးပြော ကြားခြင်းလုပ်ငန်းများ ဆောင်ရွက်ကာ Mask အခု(၂၀၀)အား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
စိုင်းထင်ကျော်(ပြန်/ဆက်)