ကာမိုင်း အောက်တိုဘာ ၁
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံလုံခြုံရေးအထူးရဲ သင်တန်းဖွင့်လှစ် ပို့ချခြင်းကို ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့နယ်မြေရဲစခန်း၌ ယနေ့နံနက်(၇)နာရီတွင် ကျင်းပခဲ့သည်။
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကာမိုင်းနယ်မြေ ရဲစခန်းမှ စခန်းမှူးရဲအုပ် ဆလိုင်းသိန်းထွန်းဦးဆောင်၍ မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးခွင့်ရရှိစေရန်၊ လူ့အခွင့် အရေးဘာသာရပ်၊ ရဲကျင့်ဝတ်ဘာသာရပ်၊ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက် တတ်စေရန်ရည်ရွယ်ပြီး အထူးရဲသင်တန်း ဖွင့်လှစ်ပို့ချပေးရခြင်း ဖြစ်သည်။
အဆိုပါ အထူးရဲသင်တန်းကို အောက်တိုဘာ ၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ ရက်သတ္တပတ် (၄)ပတ်ကြာ စာတွေ့လက်တွေ့များ သင်ကြားပေးသွားမည်ဖြစ်ပြီး မဲရုံတစ်ရုံလျင် အထူးရဲ တစ်ဦးနှုန်းဖြင့် မဲရုံ(၁၈)ရုံအတွက် အထူးရဲတပ်ဖွဲ့ဝင်(၁၈)ဦးတို့ကို သင်တန်းဖွင့်လှစ်ပို့ချ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဇွဲသူရအောင်(ပြန်/ဆက်)