မြစ်ကြီးနားမြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊အထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေးတာဝန် ထမ်းဆောင်မည့် အထူးရဲ(၁၄၀)ဦးအားခန့်အပ် သင်တန်းပို့ချ

မြစ်ကြီးနား     အောက်တိုဘာ  ၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင် ပြည်သူများ လုံခြုံစိတ်ချစွာ ဆန္ဒမဲပေးနိုင်ရန်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လမ်းညွှန်ချက်နှင့် အညီ မဲရုံအသီးသီး၌ လုံခြုံရေးတာဝန် ထမ်းဆောင်ကြမည့် အထူးရဲ(၁၄၀)ဦး ခန့်အပ်၍ လုံခြုံရေးတာဝန်အပြည့်ထမ်းဆောင်နိုင်စေရန် အောက်တို ဘာ(၁)ရက်နေ့ မှ (၂၈)ရက်နေ့အထိ သင်တန်း ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်

မြစ်ကြီးနားမြို့နယ်တွင် ရပ်ကွက်/ကျေးရွာ(၆၀)ရှိပြီး၊ မဲရုံ(၁၄၀)ရုံအတွက် အထူးရဲ(၁၄၀)ဦး တို့အားမဲရုံ အသီးသီးတွင် လုံခြုံရေးတာဝန် ထမ်းဆောင်နိုင်ရန် မြစ်ကြီးနားမြို့သီတာရပ်ကွက်ရှိ အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်း အင်ဂျန်းခခန်းမ၌  စခန်းသွင်းလေ့ကျင့် သင်ကြားသွားမည် ဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့ မှူးရုံးမှ သိရသည်။

စိန်ဝင်း(ပြန်/ဆက်)