တီးတိန် အောက်တိုဘာ ၁
တီးတိန်၌ ကိုဗစ် -၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်း သတ်မှတ်ချက်များ၊ သတိပေးညွှန်ကြားချက်များ လိုက်နာစေရေး မြို့နယ်သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး ယနေ့ မွန်းလွဲ ၁နာရီတွင် စားသောက်ဆိုင်များ၌ အသိပညာပေးဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့မရပ်ကွက်အတွင်းရှိ စားသောက်ဆိုင်တွင် သွားရောက်ပြီး သတ်မှတ်ထားသည့် စည်းကမ်းသတ်မှတ်ချက်များ၊ အသိပညာပေးညွှန်ကြားချက်များကို လိုက်နာစေရေးအတွက် အသိပညာပေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဒုတိယ မီးသတ်ဦးစီးမှူး ဦးထန်လမ့်မာန် ထံမှ သိရသည်။
မြို့နယ်(ပြန်/ ဆက်)