တနိုင်း၌ မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာ

တနိုင်း အောက်တိုဘာ   ၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် အခြေခံမဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ်အဖြစ် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ယနေ့ နံနက်ပိုင်းမှ စတင်၍ ကပ်ထားကြေညာထား‌ကြောင်းသိရသည်။  

အဆိုပါ မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာလ(၁)ရက်နေ့မှအောက်တိုဘာလ(၁၄) ရက်နေ့အထိ (၁၄)ရက် ကြာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာ သွားမည်ဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူများက မဲစာရင်းကို လာရောက်ကြည့်ရှုစစ်ဆေး၍ မိမိအမည် မဲစာရင်းတွင် မပါဝင်ပါက ပုံစံ(၃)ဖြင့် လာရောက် လျှောက်ထားခြင်း၊ မဲစာရင်းတွင် မပါဝင်သင့်သူများ  ပါဝင်နေပါက ပုံစံ(၄)ဖြင့် လာရောက် ကန့်ကွက်ခြင်း၊မဲစာရင်းပါ  အချက်အလက်များမှားယွင်းနေပါက ပုံစံ(၄-ဂ) ဖြင့် ပြင်ဆင် လွှာတင်သွင်းခြင်းတို့ကို ကပ်ထားကြေညာသည့် ရက်များတွင် လာရောက်ပြင်ဆင် ဆောင်ရွက်နိုင်ပြီး လိုအပ်သည့်ပုံစံများကိုလည်း ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် အခမဲ့ရယူ နိုင်ကြောင်းနှင့်် တနိုင်းမြို့နယ်အတွင်းရှိ မဲရုံ(၂၃)ရုံထားရှိ သွားမည်ဖြစ်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အခြေခံမဲဆန္ဒရှင် ဦးရေ (၃၂၅၃၀)ဦးခန့်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ  သိရသည်။

ဝါဝါ(ပြန်/ဆက်)