တွန်းဇံ အောက်တိုဘာ ၁
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေးအဖြစ် ဆောင်ရွက်ရန်အတွက် အထူးရဲများအား သင်တန်း ဖွင့်လှစ်ပို့ချခြင်းကို ယနေ့ နံနက်(၇)နာရီအချိန်တွင် တွန်းဇံမြို့ အခြေခံပညာ အထက်တန်း ကျောင်းခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် တွန်းဇံမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းထွန်းအောင်က အဖွင့်အမှာစကား ပြောကြားပါသည်။ အဆိုပါ မဲရုံလုံခြုံရေးအဖြစ် ဆောင်ရွက်ရန်အတွက် အထူးရဲများအဖြစ် တာဝန် ထမ်းဆောင်မည့် သူများအား မဲရုံဆိုရာ လုံခြုံရေးများ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ လိုက်နာရမည့် လုပ်ငန်း တာဝန်များအား ရှင်းလင်းပို့ချမည်ဖြစ်သည်။ တွန်းဇံမြို့နယ်အတွင်း မဲရုံ(၈၃)ရုံရှိသည့်အတွက် မဲရုံ တစ်ရုံလျှင်အထူးရဲ တစ်ယောက်နှုန်းဖြင့် အထူးရဲ(၈၃)ဦး ခေါ်ယူပြီး သင်တန်းပို့ချပေးလျက်ရှိပြီး သင်တန်းကို အောက်တိုဘာ(၁)ရက်နေ့မှ (၂၈)ရက်နေ့ အထိ (၂၈)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝေဖြိုး(ဇလပ်မြေ)