ကန်ပိုက်တီမြို့အတွင်း ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် အသိပေး နှိုးဆော်မှုများ ဆောင်ရွက်

ကန်ပိုက်တီ  အောက်တိုဘာ   ၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် ကန်ပိုက်တီမြို့ပေါ်ရှိ ရပ်ကွက် (၁)၊ (၂)၊ (၃) တို့တွင် ကိုဗစ် - ၁၉ ရောဂါနှင့် ပတ်သက်သည့် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းကို စက်တင်ဘာ ၂၉ ရက် ည ၈ နာရီမှ ၁၀ နာရီထိ  ဌာနဆိုင်ရာအစုအဖွဲ့များက စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အသိပေးနှိုးဆော်မှုများဆောင်ရွက်ရာတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာတောင်ဇင်အောင်နှင့် ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ နယ်မြေမီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ထုတ်ပြန်ထားသည် လိုက်နာဆောင်ရွက်ရမည့် အချက်များကို အသံချဲစက်ဖြင့်လှည့်လည်၍ အသိပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြသည်။ 

ကိုဇေ(ပြန်/ဆက်)