မင်းတပ်ခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ စတုတ္ထအကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မင်းတပ် အောက်တိုဘာ ၁

မင်းတပ်မြို့တွင်  ခရိုင်အဆင့် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ စတုတ္ထအကြိမ် မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

မင်းတပ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မင်းတပ်မြို့မစျေး၊ပျံကျစျေးနှင့် အိမ်ဆိုင်များ ကိုလည်း အချိန်အကန့်အသတ်ဖြင့်သာ ဖွင့်လှစ် ရောင်းချခွင့်ပြုပြီး ပြည်သူများအနေဖြင့် မလိုအပ်ဘဲ နေအိမ်ပြင်ပထွက်ခွာမှုမရှိစေရန် နှင့် နေအိမ်ပြင်ပထွက်ခွာပါက နှာခေါင်းစည်း တပ်ဆင်ပြီးမှသာ သွားလာကြရန် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့က အသံချဲ့စက်ဖြင့်နေ့စဉ် အသိပေးနှိုးဆော်မှုများ ကို ဆောင်ရွက်လျက်ရှိသည်။

မင်းတပ်မြို့ Facility Quarantine တွင်နေထိုင်သူ(၁၀၈)ဦးအနက် စက်တင်ဘာလ(၂၉) ရက်နေ့ တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၁၆)ဦး ထပ်မံတွေ့ရှိရသဖြင့် အဆိုပါပိုးတွေ့ လူနာများနှင့် ဆက်စပ်ထိတွေ့သူများအား  Quarantine နေထိုင်စေရေးအတွက် ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများသို့ လည်းကောင်းမြို့အဝင်အထွက် ဂိတ်များတွင်လည်း သတင်းပေးပို့  နိုင်ကြောင်းသိရသည်။

ဆလိုင်းအောင်(ပြန်/ဆက်)