မအူပင် အောက်တိုဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် နေ့စဉ်ရောင်းချလျက်ရှိသည့် အခွန်လွတ်စျေး၊ ၃ လမ်းစျေး၊ ပြုံးချိုလေးစျေးများတွင် ရောင်းချသည့်စျေးသည်များအတွက် မအူပင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က Stay At Home စျေးရောင်းချခွင့်ကတ်အား ယမန်နေ့နံနက်ပိုင်းတွင် စတင်ထုတ်ပေးလျက်ရှိသည်။
စျေးအသီးသီးတွင် ရောင်းချလျက်ရှိသော စျေးရောင်းချသူများအနေဖြင့် ရပ်ကွက်/ ကျေးရွာ အလိုက်ထုတ်ပေးထားသည့် အဝင်အထွက်ကတ်များ ပါရှိရမည်ဖြစ်ပြီး စျေးရောင်းချခွင့်ကဒ်အား တစ်ဦးလျှင်တစ်ကတ်သာ ရောင်းချခွင့်ပြုမည်ဖြစ်ပြီး လာရောက်ဝယ်ယူသည့် ပြည်သူများ အနေဖြင့် ရပ်ကွက်ကျေးရွာအလိုက်ထုတ်ပေးထားသည့် အဝင်/အထွက် သွားလာခွင့် ကဒ်ပါရှိမှ သာ စျေးလာရောက် ဝယ်ယူခွင့်ရှိကြောင်းသိရသည်။
မအူပင်မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအနေဖြင့် လူစုလူဝေးမဖြစ်စေရန် အိမ်တစ်အိမ် လျှင်တစ်ဦးသာအပြင်ထွက်ရန် အကြောင်းအရာ မခိုင်လုံဘဲ အရေးကြီးကိစ္စမရှိဘဲ နေအိမ်ပြင်ပသို့မထွက်ဘဲ အိမ်ထဲမှာဘဲနေရန် လှုံ့ဆော်ရေးပညာပေးများကို စဥ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
အောင်ခိုင်၊ အောင်မြင့်မြတ်(မအူပင်)