ညောင်တုန်း အောက်တိုဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် တွင် CERP အစီအမံအရ (Cash For Work) စီမံကိန်းကျေးရွာများတွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော လုပ်ငန်းအားလုံး ၁၀၀ ရာခိုင်နှုန်း ပြီးစီးမှုအခြေအနေကို ယမန်နေ့ နံနက် ၉ နာရီတွင် စီမံကိန်းကျေးရွာများ၌ ကွင်းဆင်း စစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထက်အောင်နှင့် တာဝန်ရှိသူများက (Cash For Work) စီမံကိန်းဖြင့် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့သော ရွာသာညွန့်ကျေးရွာ ကျေးရွာအတွင်းလမ်း အရှည် ၄၅၀ ပေ၊ အကျယ် ၈ ပေ၊ အမြင့် ၆ လက်မထု ကွန်ကရစ် လမ်းခင်းခြင်း၊ ကျေးရွာတွင်းလမ်း အရှည် ၁၃၀၀ ပေ၊ အကျယ် ၉ ပေ၊ အမြင့် ၈ လက်မထုမြေသားလမ်းခင်းခြင်း၊ ထော်ကလို့ကျေးရွာ ကျေးရွာအတွင်းလမ်း အရှည် ၅၉၀ ပေ၊ အကျယ် ၇ ပေ၊ အမြင့် ၆ လက်မထု ကွန်ကရစ် လမ်းခင်းခြင်း၊ ကျေးရွာတွင်းလမ်း အရှည် ၁၆၀၀ ပေ၊ အကျယ် ၃ ပေ၊ အမြင့် ၁ ပေထုမြေသားလမ်း ပုခုံးကပ်ခြင်းနှင့် ကျေးရွာစာသင်ကျောင်းဝန်းမြေဖို့ခြင်းလုပ်ငန်းများအားလုံး ၁၀၀ ရာခိုင်နှုန်းပြီးစီးမှု အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ပြီး စီမံကိန်းလုပ်ငန်းများ ရေရှည် အသုံးပြုနိုင်ရန် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်သွားရန် ကျေးရွာကော်မတီများ အား မှာကြားခဲ့သည်။
ညောင်တုန်းမြို့နယ်၌ (Cash For Work) စီမံကိန်းကို ကျေးရွာ ၆ ရွာတွင် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပြီး စီမံကိန်းလုပ်ငန်းခွဲ ၂၀ ခုရှိ ကြောင်းနှင့် ကျေးရွာ တစ်ရွာလျှင် ငွေကျပ်သိန်း ၁၀၀ စီဖြင့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)