စဉ့်ကူးမြို့နယ်၌ အထူးရဲသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

စဉ့်ကူး ၊ အောက်တိုဘာ ၁

စဉ့်ကူးမြို့နယ်၌ အထူးရဲသင်တန်းဖွဲ့ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် အမှတ်( ၂ ) ရပ်ကွက်၊ စဉ့်ကူး-အထက( ရွှေရတု )ခန်းမ၌ ကျင်းပခဲ့ရာ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး စန်းနိုင်ထွန်း က သင်တန်းဖွင့်ပွဲအမှာစကား ပြောကြားခဲ့သည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်၊ ရဲမှူးစန်းနိုင်ထွန်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ နည်းပြအရာရှိများ၊ အထူးရဲသင်တန်းသား(၁၀၆)ဦး တက်ရောက်ခဲ့ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ အခန်းခွဲများခွဲ၍ Power Point များတပ်ဆင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အထူးရဲသင်တန်းသားများအနေဖြင့် ၂၀၂၀-ပြည့်နှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ နိုဝင်ဘာလ ၁၅ ရက်နေ့အထိ တစ်လခွဲကာလတွင် အမြဲတမ်းခန့်အပ်ခြင်းခံရသည့် သန္ဓေရဲတပ်ဖွဲ့ဝင်များနည်းတူ လစာနှင့် စရိတ်များခံစားခွင့်ရှိပြီး ဥပဒေများ၊ အမိန့်နှင့် ညွှန်ကြားချက်များ၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ လိုက်နာရမည့် ဥပဒေ/စည်းမျဉ်းစည်းကမ်းများကို သိရှိနားလည်ထားရမည်ဖြစ်ကြောင်းနှင့် သင်တန်းတွင် အထူးရဲတပ်ဖွဲ့ဝင် များ သိရှိလိုက်နာဆောင်ရွက်ရမည့် ဥပဒေ/စည်းမျဉ်းစည်းကမ်းများ၊ အခြားသိမှတ်ဖွယ်ရာများ၊ ရွေးကောက်ပွဲ ဆိုင်ရာဥပဒေများ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစံနှုန်းများနှင့် ကြေညာစာတမ်းများ စသည့် သိမှတ်ဖွယ်ရာများကို ထုတ်နုတ်သင်ကြားပေးသွားမည် ဖြစ်ကြောင်းသိရှိရသည်။

မြို့နယ် ( ပြန်/ဆက် )