လေးမျက်နှာမြို့နယ်တွင် တာတမံပြုပြင်ခြင်းလုပ်ငန်းများအတွက် မြေယာနှင့်သီးနှံနစ်နာကြေး ဧရိယာ (၁၄)ဧကအတွက် တောင်သူများသို့ မြေယာနစ်နာကြေးငွေပေးအပ်

လေးမျက်နှာ အောက်တိုဘာ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် တာတမံပြုပြင်ခြင်း လုပ်ငန်းများတွင် စည်ပင်သာယာရေး ကော်မတီမှ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်အတွင်း စည်ပင်ဧရိယာ(၁၄)ဧကအတွက် တောင်သူများသို့ မြေယာနစ်နာကြေးငွေ (၅၁၆၅၀၀၀၀)ကျပ်ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ လေးမျက်နှာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇော်မင်းသိန်းက မြို့နယ် စည်ပင်သာယာရေးကော်မတီမှ တာတမံပြုပြင်ခြင်း လုပ်ငန်းများတွင် အသုံးပြုခဲ့သော မြေယာများ အတွက် လျော်ကြေး ပြန်လည် ပေးအပ်နိုင်ရန် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦး အနေဖြင့် နစ်နာသူတောင်သူများ၏ တင်ပြတောင်းခံမှုအပေါ် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ဗဟိုမြေစစ် ကော်မတီက ချမှတ်ထားသည့် မူဝါဒ(၅၂)ချက် နှင့်အညီစီစစ်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သုဿာန်မြေအဖြစ် အသုံးပြုခဲ့သည့် မြေဧရိယာ(၁၄)ဧကအတွက် လျော်ကြေးငွေများကို ပြန်လည် ပေးအပ်ခြင်း ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ မြို့နယ်လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စီစစ်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ထွန်းနှင့် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘုန်းခိုင်ဇော်တို့မှ တာတမံပြုပြင်ခြင်း လုပ်ငန်းများတွင် အသုံးပြုမှု အတွက် မြေယာနစ်နာကြေး ပေးအပ်ခြင်း နှင့်ပတ်သတ်၍ ဆက်လက် ရှင်းလင်း ပြောကြားသည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်စည်ပင်သာယာရေး ဥက္ကဋ္ဌတို့မှ တောင်သူဦးသက်နိုင်ဦး၏ မြေဧရိယာ(.၀၀)ဧကအတွက် မြေယာ လျော်ကြေးငွေကျပ် (၆၀၀၀၀၀၀)သိန်းကို လည်းကောင်း၊ တောင်သူဦးဌေးလှိုင်၏ မြေဧရိယာ (.၅၀)ဧကအတွက် မြေယာ လျော်ကြေးငွေကျပ် (၇၀၀၀၀၀၀)သိန်းကို လည်းကောင်း၊ တောင်သူဦးရဲမြင့်၏ မြေဧရိယာ (.၀၀)ဧကအတွက် ငွေကျပ်(၈၆၀၀၀၀၀)သိန်းကို လည်းကောင်း၊ တောင်သူဒေါ်စောဟန်၏ မြေဧရိယာ (.၀၀)ဧကအတွက် မြေယာ လျော်ကြေးငွေကျပ် (၈၅၅၀၀၀၀)သိန်းကို လည်းကောင်း၊ တောင်သူ ဦးမောင်လေး၏ မြေဧရိယာ(.၀၀)ဧကအတွက် မြေယာ လျော်ကြေးငွေကျပ် (၉၀၀၀၀၀၀) သိန်းကို လည်းကောင်း၊ တောင်သူဦးသန်းငြိမ်း၏ မြေဧရိယာ(.၅၀)ဧကအတွက် ငွေကျပ်(၃၇၅၀၀၀၀) သိန်းကို လည်းကောင်း၊ တောင်သူဦးအုန်းကျော်၏ မြေဧရိယာ (.၀၀)ဧကအတွက် မြေယာ လျော်ကြေးငွေကျပ် (၈၇၅၀၀၀၀) သိန်းကို လည်းကောင်း၊ စုစုပေါင်းမြေယာ လျော်ကြေးငွေကျပ် ၅၁၆၅၀၀၀၀ (ငါးရာတစ်ဆယ့်ခြောက်သိန်း ငါးသောင်းကျပ်)အား တောင်သူများလက်ဝယ်သို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး တောင်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။

ကျော်ဟိန်း(လေးမျက်နှာ)