ကရသူရိ မတ် ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့ရှိ ဒေသခံများသည် နှစ်ရှည်သီးနှံများ၊ ရာသီပေါ်သီးနှံများနှင့် ဟင်းသီး/ ဟင်းရွက်များကို စိုက်ပျိုးလျက်ရှိကြရာ ဆေးဖက်ဝင်သည့် စပါးလင်ပင်သည် ရောင်းအားကောင်း၍ စိုက်ပျိုးသူများ ဝင်ငွေရရှိနေကြောင်း သိရသည်။
“စပါးလင်ပင်က မြေအမျိုးအစားမရွေးဘူး။ နေရာအစုံစိုက်ပျိုးဖြစ်ထွန်းတယ်။ အရင်းအနှီးကလည်း များများမလိုအပ်သလို မျိုးပွားသည့် အပင်တစ်မျိုးဖြစ်ပါတယ်။ သူ့ကိုစိုက်ပျိုးမည်ဆိုရင် (၆)ပင်စီး တစ်စီးအား (၃၀၀)ကျပ်နှင့်ဝယ်ယူရပြီး (၁)ပင်အထွက်နှုန်း(၃၀၀၀)ကျပ်ခန့်ရရှိကာ ဒေသအတွင်းရောင်းချကြောင်း” စိုက်ပျိုးသူတစ်ဦးကပြောသည်။
အဆိုပါ စပါးလင်ပင်ကို ဒေသအခေါ်အဝေါ် (ဘားလင်ပင်)ဟု ခေါ်ဆိုသုံးနှုန်းကြပြီး လူကြိုက်များသည့် ထိုင်းအစားအစာ (ရှမ်းဟင်း)ချက်ပြုတ်ရာတွင်လည်းကောင်း၊ မြန်မာဟင်း မျိုးစုံချက်ပြုတ်ရာတွင်လည်းကောင်း အများဆုံးတွဲဘက် အသုံးပြုလျက် ရှိကြပြီး ကျန်းမာရေးကို အထောက်အကူပြုသည့် ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)