ပလောက် အောက်တိုဘာ ၂
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ၂၀၂၀ပြည့်နှစ် ၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆန္ဒမဲပေးပိုင် ခွင့်ရှိသူ ဒုတိယ အကြိမ် မဲဆန္ဒရှင်များစာရင်းကြေညာခြင်းကို ရပ်ကွက်/ကျေးရွာရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ယမန်နေ့ နံနက်ပိုင်းမှစ၍ ထုတ်ပြန် ကြော်ငြာထားကြောင်းသိရသည်။
အဆိုပါ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ နောက်ဆုံးအကြိမ်အဖြစ် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြေညာကပ်ထားပြီး ဆန္ဒမဲစာရင်းတွင် မိမိအမည် မပါဝင်ပါက ပုံစံ(၃)ဖြင့် အမည်ထည့်သွင်းရန် တောင်းဆိုခြင်း ၊ အခြားဒေသမှ လာရောက် နေထိုင်သူများဖြစ်ပါက ပုံစံ-၃(က)ဖြင့်လျှောက်ထားခြင်း၊ မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေပါကပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်း ၊မဲစာရင်းပါအချက်အလက် များ မှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်းများကို သက်ဆိုင်ရာတာဝန်ရှိသူများမှ ပြန်လည်စီစစ်၍ ဆောင်ရွက်သွားမည်ဖြစ်ပြီး အသက်(၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးခွင့်မဆုံးရှုံး စေရေးအတွက် မဲစာရင်းများ လာရောက်ကြည့်ရှုကြရန် နှိုးဆော်ထားကြောင်း သိရသည်။
နှင်းမြူလွင် (ပလောက် -ပြန်/ဆက်)