စဉ့်ကိုင်မြို့နယ်အတွင်းရှိ မြို့ပေါ်(၅)ရပ်ကွက်တွင် ကိုဗစ်−၁၉ ကူးစက်ရောဂါ ပြန့်နှံ့မှုမရှိစေရေး အသံချဲစက်များဖြင့် အသိပညားပေးနှိုးဆော်

စဉ့်ကိုင်       အောက်တိုဘာ  

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊  စဉ့်ကိုင်မြို့နယ်အတွင်းရှိ မြို့ပေါ်()ရပ်ကွက်တွင် ကိုဗစ်၁၉ ကူးစက်ရောဂါ ပြန့်ပွားမှု မရှိစေရေးအတွက် အသံချဲစက်ဖြင့် အသိပညာပေး နှိုးဆော်ပေး ခြင်းကိုယမန်နေ့ည ()နာရီမှစတင်၍ ဆောင်ရွက် ခဲ့ကြောင်းသိရသည်။

ထိုသို့အသိပညာပေးနှိုးဆော်ရာတွင် ကိုဗစ်၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချူပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ  ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို လိုက်နာကြ ရန်နှင့်ကိုဗစ်-၁၉ ကူးစက်ရောဂါဆိုင်ရာ အသိပညာပေး တေးသီချင်းများအား ပြည်သူများ ကျယ် ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေးအတွက် အသံချဲစက်ဖြင့် အသိညာပေးခြင်း၊  လှည့်လည်နှိုးဆော်ခြင်း များ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အဆိုပါ  လုပ်ငန်းများဆောင်ရွက်ရာတွင်   ကိုဗစ်၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကောင်းမြတ်ထွန်းမှကြီ:ကြပ်၍ မြို့နယ်ဦးစီးမှူး ဦးကျော်ဇေယျာနှင့်တပ်ဖွဲ့ဝင်များ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်  ပရဟိတ အဖွဲ့များမှ အသိပညားပေး လုပ်ငန်းများကို ပူပေါင်းဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

 

အောင်ပိုင်ပိုင်ကျော် (စဉ့်ကိုင်ပြန်/ဆက်