နောင်မွန် အောက်တိုဘာ ၂
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ယမန်နေ့ နံနက် ၇ နာရီမှ စ၍ဒုတိယအကြိမ် မဲဆန္ဒရှင်အမည် စာရင်းများကို ကြေညာကပ်ထားကြောင်း သိရသည်။
ထိုသို့မဲဆန္ဒရှင်များ အမည်စာရင်းများ ကြေညာရာတွင် အသက်(၁၈)နှစ်ပြည့်ပြီးသူ ပြည်သူအားလုံး မဲပေးခွင့်မဆုံးရှုံးစေရေး မဲစာရင်းတွင် ပါဝင်ဖို့လိုကြောင်း၊ ပုံစံ(၂)မဲဆန္ဒရှင်စာရင်း ကြေညာစာများ၊ ပုံစံ(၃)မဲစာရင်း တောင်းဆိုလွှာ၊ ပြင်ဆင်လွှာများ တွင် ပြည်သူများအနေဖြင့် လိုအပ်သော အမှားပြင်ဆင်ချက်များကို မှန်/မမှန် လာရောက်ကြည့်ရှုရန် လိုအပ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဦးစီးအရာရှိ ဦးအောင်ဇော်ဦးက ပြောကြားသည်။
အဆိုပါမဲဆန္ဒရှင်စာရင်းအား ရပ်ကွက်(၆)ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၃)အုပ်စုရှိ မဲရုံပေါင်း(၂၅)ရုံတွင် အောက်တိုဘာ(၁ )ရက်နေ့မှ (၁၄)ရက်နေ့အထိ ကပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြနန်း(ပြန်/ဆက်)