ပူတာအိုမြို့နယ်၌ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေညာထားရှိမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး

ပူတာအို အောက်တိုဘာ

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စုများရှိ မဲဆန္ဒနယ်မြေများတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်များ၏ စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာထားရှိမှုများကို ယမန်နေ့ ညနေပိုင်းတွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာ၀န်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးရှဘောင်ဖုန်၀င့်နှင့် အဖွဲ့၀င်များက မဲဆန္ဒနယ်မြေများတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်များ၏ စာရင်းများကို ဒုတိယအကြိမ်ကပ်ထား ကြေညာထားရှိမှု အခြေအနေများက ိုကြည့်ရှုစစ်ဆေးပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အတွက် ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရေး၊ ၂၀၂၀ပြည့်နှစ် နို၀င်ဘာ()ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ နှင့်ပတ်သက်ပြီး ပြည်သူများ အကျယ်တ၀င့်သိရှိနိုင်ရန်နှင့် ယခုတစ်ကြိမ်သည် နောက်ဆုံးအကြိမ် ကပ်ထားကြေညာခြင်း ဖြစ်ရာ မဲစာရင်းတွင်ပါ၀င်ခြင်း ရှိ/မရှိလာရောက်ကြည့်ရှုစစ်ဆေးပြီး မပါ၀င်ပါက လာရောက်လျှောက်ထားနိုင်ရေးအတွက် သတ်မှတ်ချက်အတိုင်း လိုက်လံထပ်မံ အသိပေးနိူးဆော် သွားကြရန်မှာကြားခဲ့ကြောင်း သိရသည်။

ပူတာအိုမြို့နယ်အတွင်း ရပ်ကွက်(၁၁)ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၄)အုပ်စုတွင် မဲရုံပေါင်း(၄၈)ရုံနှင့် ဒုတိယအကြိမ် မဲစာရင်းကပ်ထား ကြေညာချက်အရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း (၃၉၃၀၆)ဦးရှိပြီး အဆိုပါ ဒုတိယအကြိမ် မဲဆန္ဒရှင် စာရင်းများကို အောက်တိုဘာ()ရက်မှ(၁၄)ရက်နေ့အထိ ရက်သတ္တပတ်နှစ်ပတ်ကြာ ကပ်ထားကြေညာသွားမည် ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ဖုန်ကန်(ပူတာအို)