မံစီ မတ် ၂၉
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(မံစီ) ဖုန်ကန်ဒူဝါ ခန်းမဆောင်၌ ယမန်နေ့ နံနက် ၉ နာရီက အခြေခံပညာမူလတန်းအဆင့် (မြို့နယ်အဆင့်) ဘာသာရပ် မွမ်းမံစွမ်းရည်မြှင့် ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး(ပညာ) ဦးသိန်းဟန်နှင့် မြို့နယ်ပညာရေးမှူး ဒေါ်တင်မာဆွေတို့က ဆွေးနွေးပွဲပြုလုပ်ရသည့်အကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူးရုံးမှ ဦးစီးအရာရှိ(စာရင်းအင်း) ဦးဂျော်အောင်ဖုန်က ဆွေးနွေးပွဲ စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ဘာသာရပ် မွမ်းမံစွမ်းရည်မြှင့် ဆွေးနွေးပွဲတွင် အခြေခံပညာမူလတန်းကျောင်းအုပ်များနှင့် အခြေခံပညာမူလတန်းအဆင့် သင်ကြားနေသည့် ဆရာ/ဆရာမများစုစုပေါင်း (၃၇၅)ဦး တက်ရောက်ပြီး မတ်လ ၃၁ ရက်နေ့အထိ ဆရာ၊ ဆရာမ (၁၂)ဦးက ဦးဆောင်၍ ဆွေးနွေးကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)