ခေါင်လန်ဖူးမြို့တွင် ရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်းဖွင့်လှစ်

ခေါင်လန်ဖူး  အောက်တိုဘာ  ၂

၂ဝ၂ဝပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်နှင့် မဲဆန္ဒရှင်များ လုံခြုံစွာဆန္ဒမဲ ပေးနိုင်ရန်အတွက် ခေါင်လန်ဖူးမြို့နယ် ရဲတပ်ဖွဲ့ကကြီးမှူး၍ ရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲ အချိန်က ခေါင်လန်ဖူးမြို့မြို့နယ် ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ခေါင်လန်ဖူးမြို့နယ် မြိုနယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်မျိုးဝင်းက အဖွင့်အမှာစကား ပြောကြားသည်။

အဆိုပါသင်တန်းသို့ အထူးရဲသင်တန်းသား(၃၆)ဦးတို့ တက်ရောက်ကြမည်ဖြစ်ပြီး၊ မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက သင်တန်းပို့ချဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းတွင် စစ်ရေးပြ၊ ဥပဒေ၊ ရဲစည်းကမ်း၊ လုပ်ထုံးလုပ်နည်း များအား ပို့ချသွားမည်ဖြစ်ကြောင်း၊ သင်တန်းကာလမှာ အောက်တိုဘာ ၁ ရက်နေ့မှ အောက်တိုဘာ ၂၈ ရက်နေ့အထိ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ငြိမ်းအိအိဖြိုး(ပြန်/ဆက်)