မိုင်းဆတ် စက်တင်ဘာ ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် မြို့ဝင်၊ မြို့ထွက်ဂိတ်တွင် ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များ လိုက်နာရေး အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့ဝင်၊ မြို့ထွက်ဂိတ်များဖြစ်သည့် မိုင်းဆတ်-တာချီလိတ်၊ မိုင်းဆတ်-မိုင်းခုတ်နှင့် မိုင်းဆတ်-မိုင်းတုံ ဂိတ်များမှ ဖြတ်သန်းသွားလာသူများအား ကိုယ်ပူချိန်တိုင်းတာစစ်ဆေးခြင်း၊ ခရီးသွား ရာဇဝင်မှတ်သား ခြင်း၊ သက်ဆိုင်ရာ ရပ်/ကျေးထောက်ခံချက် ပါ၊မပါစစ်ဆေးခြင်း၊ Mask တပ်ဆင်သွားလာရေးအသိပညာ ပေးခြင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ရေး အသိပညာပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ မြို့ဝင်၊ မြို့ထွက်ဂိတ်(၃)ဂိတ်မှ ယမန်နေ့က ဖြတ်သန်းသွားလာသော ခရီးသွားပြည်သူ(၃၂၃) ဦးအား Non-Contact Infrared Thermometer စက်ဖြင့် ကိုယ်ပူချိန်တိုင်းတာစစ်ဆေးခဲ့ပြီး သံသယလူနာ စစ်ဆေးတွေ့ရှိခြင်း မရှိကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)