ပုလောမြို့ ကျေးလက်ကျန်းမာရေးဌာနခွဲ၌ ကိုဗစ်−၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပုံမှန်ကာကွယ်ဆေး ထိုးနှံ

ပုလော   အောက်တိုဘာလ    ၂

တနင်္ဿာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့ မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ကိုဗစ်−၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်း ကို ယမန်နေ့ နံနက်ပိုင်းက  ပုလောမြို့ မိခင်နှင့်ကလေး ကျန်းမာရေး ဌာနခွဲ၌ ထိုးနှံပေးခဲ့သည်။

ရှေ့ဦးစွာ ကျန်းမာရေး၀န်ထမ်းများက ဆေးထိုး/ဆေးတိုက်ရန် လာရောက်သည့် မိခင်နှင့် ကလေးငယ်များ၊ ကိုယ်၀န်ဆောင်များကို အပြင်ထွက်တိုင်း နှာခေါင်းစည်းစနစ်တကျ တပ်ဆင်စေခြင်း၊ လက်ဆေးဆပ်ပြာနှင့် လက်ကို စနစ်တကျဆေးကြောစေခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်းများ ဆောင်ရွက်စေပြီး၊ ကျန်းမာရေး ဆရာမဒေါ်နွယ်နွယ်သန်းက မေးခိုင် ကာကွယ်ဆေးထိုးနှံပေးခြင်း၊ အသက်တစ်နှစ်ခွဲနှင့် တစ်နှစ်အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကျန်းမာရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရှိရသည်။

အေးအေးမော်(ပုလော ပြန်/ဆက်)