မိုင်းရယ်မြို့နယ် မဲဆန္ဒရှင်စာရင်းများ ကြေညာထားရှိမှုအား မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ လိုက်လံစစ်ဆေး

မိုင်းရယ် အောက်တိုဘာ 

၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲအတွက် မဲပေးနိုင်သည့် မဲဆန္ဒရှင်စာရင်းများကို ကြေညာထားရှိရာ ယနေ့နံနက်() နာရီက မိုင်းရယ်မြို့နယ်၊ လုတ်ခိုက်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ကြေညာထားသည့် မဲဆန္ဒရှင်စာရင်းများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များက လုတ်ခိုက်ကျေးရွာအုပ်စု၊ မန်စန့်ကျေးရွာအုပ်စု၊ ကုန်းစုံကျေးရွာအုပ်စုများရှိ မဲဆန္ဒရှင်စာရင်းများကို ကြေညာထားရှိမှုများအား ကြည့်ရှုစစ်ဆေး၍ ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များအား တွေ့ဆုံ၍ ပြည်သူများအား တစ်အိမ်ထောင်လျှင် အနည်းဆုံး တစ်ဦး လာရောက်ကြည့်ရှုစေရေး ဆော်သြပေးရန်နှင့် မဲဆန္ဒရှင်စာရင်းများအား ပြင်ဆင်လိုခြင်း ပြုလုပ်လိုပါက မဲစာရင်းကြေညာသည့် ၁၄ ရက်အတွင်း ပြင်ဆင်နိုင်ရေးအတွက် ပြောကြားခဲ့သည်။

မိုင်းရယ်မြို့နယ်အနေဖြင့် လူဦးရေ ၆၈၄၃၉ ဦးရှိပြီး၊ မဲရုံ ၄၅ ရုံတွင် မဲပေးနိုင်သည့် မဲဆန္ဒရှင်အရေအတွက်မှာ ၄၈၅၄၈ ဦးရှိကြောင်း သိရှိရသည်။

မြို့နယ် ပြန်/ဆက်