ပုလော အောက်တိုဘာလ ၂
၂၀၂၀ ပြည်နှစ် နို၀င်ဘာ ၈ ရက်နေ့မှာကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်အမည် စာရင်းမှန်ကန်စေရေး၊ မဲပေးခွင့်ရှိသူတိုင်း မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးနှင့် ဆန္ဒမဲ အပြည့်အဝပေးနိုင်ရေးအတွက် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများနှင့် ကျေးရွာများတွင် ဒုတိယအကြိမ် မဲဆန္ဒရှင် စာရင်းများကို အောက်တိုဘာလ ၁ ရက်နေ့ မှ ၁၄ ရက်နေ့အထိ နောက်ဆုံး အကြိမ် အဖြစ် ၁၄ ရက် အကြာ ထပ်မံ ကပ်ထား ကြေငြာပေးလျက်ရှိကြောင်း သိရသည်။
ပုလောမြို့နယ်၌ ပထမအကြိမ် တွင် ဇူလိုင်လ ၂၅ ရက်မှ သြဂုတ်လ ၁၄ ရက်အထိ မဲစာရင်း ကြေငြာစဉ်က ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၁၀၀၄၇ ဦးရှိခဲ့ပြီး၊ ယခုအခါ ဒုတိယအကြိမ် တွင် မဲဆန္ဒရှင် စာရင်းများ မကျန်ရှိစေရေး အတွက် အိမ်တိုင်ရာရောက် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်မှုကြောင်း မဲဆန္ဒရှင် ဦးရေ ၁၁၂၂၆၅ ကျော် အထိ ၂၂၁၈ ဦးတိုးတက်လာကြောင်း၊ မဲစာရင်းစစ်ဆေးရန် နောက်ဆုံးအခွင့်အရေး ဖြစ်သဖြင့် မဲဆန္ဒရှင်စာရင်းတွင် မိမိအမည် ပါ၀င်စေရန် နှင့် အချက်အလက် မှားယွင်းမှု မရှိစေရန် ကြည့်ရှုစစ်ဆေးခြင်းဖြင့် ပူးပေါင်းကူညီ ဆောင်ရွက် ပေးစေလိုကြောင်း နှင့် ပုလောမြို့နယ်အတွင်း ရပ်ကွက် ၁၃ ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၇ အုပ်စု စုစုပေါင်း ၄၀ အုပ်စုတွင် မဲရုံ စုစုပေါင်း ၈၉ ရုံးရှိကြောင်းကို မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
အေးအေးမော်(ပုလော ပြန်/ဆက်)