ကျိုင်းတောင်းမြို့၌ ဒုတိယအကြိမ် မဲစာရင်းများကြောညာထားရှိမှုအား စစ်ဆေးကြည့်ရှု

ကျိုင်းတောင်း အောက်တိုဘာ ၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့၌ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလတွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲပေးမည့်သူများ၏ အမည်စာရင်းများကို နောက်ဆုံးအကြိမ်အဖြစ် ကြေညာထားရှိမှုကို မိုးနဲမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဌေးညွှန့်နှင့် အဖွဲ့ဝင်များမှ လာရောက် စစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။

အဆိုပါ မဲပေးမည့်သူများ၏ အမည်စာရင်းများကို ရပ်ကွက် (၇)ရပ်ကွက် နှင့်  ကျေးရွာအုပ်စု(၃)အုပ်စုတွင် မဲပေးပိုင် ခွင့်ရှိသူစုစုပေါင်း (၈၁၅၇)ဦးရှိပြီး ကော်မရှင်အဖွဲ့ခွဲရုံးများ၏ ကြေညာသင်ပုန်းတွင် ကြေညာထားကြောင်း သိရသည်။

ကျိုင်းတောင်း(ပြန်/ဆက်)