သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ ကာလအတွင်း အခြေခံလူတန်းစား အိမ်ထောင်စုများအား စားသောက်ကုန်များ ဆက်လက်ထောက်ပံ့လှူဒါန်း

သီပေါ အောက်တိုဘာ

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်၁၉ရောဂါ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ အသားတုနှင့် ကုလားပဲတို့ကို ယမန်နေ့မွန်းလွဲပိုင်းတွင် နယ်စည်းမခြားပရဟိတအသင်းမှ ဆက်လက်ထောက်ပံ့ပေးအပ် လှူဒါန်းခဲ့ကြသည်။

ထိုသို့ပေးအပ်လှူဒါန်းရာတွင် သီပေါမြို့နယ်အတွင်းရှိ အလှူရှင်များနှင့် အနယ်နယ်အရပ်ရပ်မှ စေတနာရှင် အလှူရှင်များကိုယ်စား နယ်စည်းမခြား ပရဟိတအဖွဲ့မှ အဖွဲ့ခေါင်းဆောင် ကိုမျိုးနှင့် တာဝန်ရှိသူ များက စံဖိတ်ကွက်သစ်မှ အိမ်ထောင်စု(၁၂)စု၊ ပန်းတိမ်မြောက်ရပ်ကွက်မှ အိမ်ထောင်စု(၁၄)စု၊ ရွှေကျောင်း ရပ်ကွက်မှ အိမ်ထောင်စု(၁၀)စုနှင့် တောင်မြို့ရပ်ကွက်မှ အိမ်ထောင်စု()စု စုစုပေါင်း(၄၀)စု တို့အား အိမ်ထောင်စုတစ်စုလျှင် ဆန်()ပြည်၊ ဆီ(၅၀)သား၊ ဆား()ထုပ်၊ ကြက်ဥ၊ အသားတုနှင့် ကုလားပဲတို့ကို ဆက်လက်ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ကြကြောင်းနှင့် ကျန်ရှိနေသော ရပ်ကွက်၊ ကျေးရွာများမှ အခက်အခဲရှိသော အိမ်ထောင်စုများသို့လည်း ဆက်လက်၍ထောက်ပံ့လှူဒါန်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)