တောင်သာမြို့နယ်တွင် အထူးရဲသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

တောင်သာ အောက်တိုဘာ ၂

မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရန်နှင့် မဲဆန္ဒရှင် ပြည်သူများ   လုံခြုံစိတ်ချစွာ   မဲပေးနိုင်ရေးအတွက်   မဲရုံအသီးသီးတွင်  တာဝန်ထမ်းဆောင်ရန် အထူးရဲ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၈)နာရီအချိန်က တောင်သာ အခြေခံပညာ အထက်တန်းကျောင်း နဝရတ်ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင်  မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမိုးသူရိန်က  ၂၀၂၀ ပြည့်နှစ်၊နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရန်နှင့် မဲဆန္ဒ ရှင်ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးအတွက် အထူးရဲများခန့်အပ်ရခြင်းဖြစ်ပြီး သင်တန်းတက် ရောက်နေချိန်တွင် အထူးရဲများအနေဖြင့် စိတ်ပါဝင်စားစွာ လေ့လာသင်ယူကြရန်  စသည်ဖြင့်အမှာစကား ပြောကြားခဲ့သည်။

အဆိုပါ အထူးရဲသင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဟန်ဇော်မြင့်၊မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မိုးသူရိန်၊  မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်၊ ဌာနဆိုင် ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြောင်းသိရသည်။

အထူးရဲသင်တန်းကို အောက်တိုဘာလ(၁)ရက်နေ့မှအောက်တိုဘာလ(၂၈)ရက်နေ့ထိသင်ကြား ပေးသွားမည်ဖြစ်ပြီး သင်တန်းသား(၃၂၂)ဦးရှိကြောင်းသိရသည်။

ကျော်မျိုးနိုင်(တောင်သာ)