မိုးမိတ် အောက်တိုဘာ ၂
ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့၌ ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ် တားဆီးရေး လုပ်ငန်းကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာများနှင့် မြို့နယ်စည်ပင်သာယာရေး ဦးစီးဌာနမှဝန်ထမ်းများ၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများသည် ကိုဗစ်-၁၉ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ် တားဆီးရေးဆိုင်ရာ ကျန်းမာရေးသတိပေးချက် အသံဖိုင်များဖွင့်လှစ်ခြင်း၊ ဈေးရောင်းချသူများနှင့် ဈေးဝယ်သူများအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက် များနှင့် အညီ လိုက်နာမှုရှိစေရေးအတွက် စည်းကမ်းချက်များအား ဖြန့်ဝေခြင်း ၊ ကြပ်မတ်စစ်ဆေးခြင်း၊ Mask များ ဖြန့်ဝေခြင်းများကို မြို့မဈေးတွင် ယနေ့ နံနက် ၈ နာရီ အချိန်က ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးတင်ရှိန်နှင့်ဝန်ထမ်းများသည် မြို့ပေါ်ရပ်ကွက် အတွင်းရှိ စတိုးဆိုင်များ ၊ အိမ်ဆိုင်များတွင် ဈေးရောင်းချသူများနှင့် မိဘပြည်သူများအား ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်းထုတ်ပြန်ထားသောစည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန် အတွက် အသိပညာပေး စာစောင်များ ဖြန့်ဝေခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မိုးမိတ်သား(စည်သူဌေး)