ပင်းတယမြို့၌ အထူးရဲသတင်တန်းဖွင့်လှစ်

ပင်းတယ အောက်တိုဘာ  ၂

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံအ‌ထွထွေရွေးကောက်ပွဲတွင် ပြည်သူများ လုံခြုံစိတ်ချစွာမဲပေးနိုင်ရေးအတွက် ရှမ်းပြည်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ပင်းတယမြို့နယ် ရဲတပ်ဖွဲ့မှကြီးမှူး၍ ရွေးကောက်ပွဲဆိုင်ရာအထူးရဲသင်တန်းကို ယမန်နေ့ နံနက် ၁၀ နာရီမှ စတင်၍ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးမင်းသိန်းက အမှာစကားပြောကြားပြီး မြို့မရဲ စခန်းမှူးရဲအုပ်သက်ဆွေက သင်တန်းတွင် လိုက်နာရမည့် စည်းကမ်းချက်များနှင့် ခန့်အပ်တာဝန်ပေးမည့် ကာလအပိုင်းအခြားကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ သင်တန်းသို့ ပင်းတယမြို့ နယ်ရပ်ကွက်/ကျေးရွာများမှ အထူးရဲသင်တန်းသား (၇၈)ဦးတို့က တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းကာလမှာ အောက်တိုဘာလ (၁)ရက်နေ့မှ ၂၈ ရက်နေ့အထိ ဖြစ်ကြောင်းလည်း သိရသည်။

ခင်မျိုးနွယ်(ပင်းတယ)