ပင်လောင်းမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်များ၏ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာ ဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းစစ်ဆေး

ပင်လောင်း အောက်တိုဘာ

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်အတွင်းရှိ နောင်တရားမြို့ အမှတ် () အမှတ်() အမှတ် () ရပ်ကွက်များ၊ မင်းဘူး၊ ပင်လောင်းကြီး၊ ပင်မွန်းကျေးရွာအုပ်စုတို့ရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့်  မဲဆန္ဒရှင်စာရင်းများကို ကပ်ထားကြေညာဆောင်ရွက်လျက်ရှိရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမင်းထက်အောင်၊ အဖွဲ့ဝင်များဖြစ်သည့် မြို့နယ်ဥပဒေအရာရှိ ဦးနိုင်လင်းနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဦးထွန်းလင်းတို့က မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာဆောင်ရွက်ထားရှိမှုအခြေအနေကို ယနေ့ နံနက်ပိုင်း၌ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ပင်လောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများမှ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာ ၁ရက် မှ အောက်တိုဘာ ၁၄ ရက်အထိ မဲဆန္ဒရှင်များ မဲဆန္ဒရှင်စာရင်းတွင် ပါဝင်ရေးနှင့် အချက်အလက်များမှားယွင်းမှုမရှိ‌‌စေရေး ကြည့်ရှု စစ်ဆေးနိုင်ရန် ဒုတိယအကြိမ် နှစ်ပတ်ကြာ ကပ်ထားကြေညာမည်ဖြစ်ကြောင်းနှင့် ပင်လောင်း မြို့နယ်မဲဆန္ဒနယ် အမှတ်()နှင့် အမှတ်()တို့တွင် မဲရုံပေါင်း ၁၄၃ ရုံရှိပြီး ဆန္ဒမဲပေးပိုင်ခွင့် ရှိသူပေါင်း ၁၃၁၀၇၈ ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ရဲမင်းပိုင် (ပင်လောင်း)