နောင်မွန်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ်အထွေထွေရွေးကောက်ပွဲအတွက်လုံခြုံရေးဆောင်ရွက်ရန် အထူးရဲသင်တန်းဖွင့်လှစ်

နောင်မွန်    အောက်တိုဘာ   

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင် ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးအတွက် အထူးရဲသင်တန်းဖွင့်ပွဲကို ယမန်‌နေ့နံနက် (၈)ချိန်ခန့်တွင် လုံမောင်ခန်းမ၌ ကျင်းပခဲ့သည်။

  

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော်က အဖွင့်အမှာစကားပြောကြားပြီး ယူနီဖောင်းဝတ်စုံများ ပေးအပ်ခဲ့သည်။  

  ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး သန်းဝင်းအောင်က နောင်မွန်မြို့နယ်အနေဖြင့် မဲဆန္ဒနယ်အမှတ်(၁)နှင့် အမှတ်(၂)တို့တွင် လျာထားမဲရုံ(၂၅)ရုံ ရှိပြီးမဲရုံလုံခြုံရေးအတွက် မဲရုံတစ်ရုံလျှင် အထူးရဲတစ်ဦးစီခန့်အပ်သွားမည်ဖြစ်ကြောင်း၊ အထူးရဲတွေအနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ် ကော်မရှင်အဖွဲ့ခွဲဝင်များ နယ်မြေခံရဲတပ်ဖွဲ့့နှင့် ပူးပေါင်းပြီး ပြည်သူများလုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးအတွက် တာဝန်ယူဆောင်ရွက် ရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် အမှတ်(၅)ရပ်ကွက် နေမောင်အလိအောင်းဖုန်ကလည်း ယခင် ၂၀၁၅  ရွေးကောက်ပွဲ ကာလကလည်း အထူးရဲခန့်အပ်တာဝန်ပေးမှုများရှိခဲ့ပါကြောင်း၊ ယခုလည်းကာလတိုအတွင်း အထူးရဲတစ်ယောက်ဖြစ်ရတဲ့အတွက် ဂုဏ်ယူမိ ပါကြောင်း၊ ကိုယ်မသိတဲ့အကြောင်းအရာတွေကို သိရပါကြောင်း၊ ရွေးကောက်ပွဲကာလပြီးဆုံးသွားပါကလည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် တစ်ဦးဖြစ်ရန် ဆန္ဒရှိပါကြောင်း ပြောကြားသည်။

  

ယင်း‌ေနောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဝင်းအောင်က သင်တန်းသားများအနေဖြင့် ယနေ့မှစပြီး ယာယီရဲတပ်ဖွဲ့ဝင် များဖြစ်သွားသည့်အတွက် ရဲဝန်ထမ်းများကဲ့သို့ ဝန်ထမ်း စည်းမျဉ်း၊ စည်းကမ်းအတိုင်းနေထိုင်သွားရန်၊ ပြည်သူလူထုအပေါ် တွင်လည်း ကူညီစောင့်ရှောက်သွားရန်နှင့် သင်တန်းကို စိတ်ပါဝင်စားစွာတက်ရောက်ရန်မှာကြားခဲ့သည်။

 

အဆိုပါ အထူးရဲများကို ၂၀၂၀ပြည့်နှစ်၊အောက််တိုဘာ (၁)ရက်နေ့မှစ၍ အောက်တိုဘာ (၂၈)ရက်နေ့အထိ သင်တန်းပေးသွား မည်ဖြစ်ကြောင်းနှင့် အထူးရဲများအနေဖြင့် ရွေးကောက်ပွဲ ကျင်းပပြီးနောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ဆက်လက်တာဝန်ထမ်း ဆောင်ရန် ဆန္ဒရှိပါကလည်းသတ်မှတ် ချက်များနှင့်ကိုက်ညီပါကလျှောက်ထား နိုင်ပါကြောင်းသိရှိရသည်။

 

မြနန်း(ပြန်/ဆက်)