ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းတာဝန်ထမ်းဆောင်နေသော သူနာပြု (၂၀)ဦး ရန်ကုန်မြို့ သို့ သွားရောက် ကူညီတာဝန်ထမ်းဆောင်ရန် လားရှိုးမြို့မှ ထွက်ခွာ

လားရှိုး    အောက်တိုဘာ

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် ရန်ကုန်မြို့သို့ သွားရောက်ကူညီတာဝန်ထမ်းဆောင်ရန် ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်းရှိနေရာဒေသ အသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော သူနာပြု (၂၀)ဦးမှာ ယမန်နေ့ ညနေ ()နာရီအချိန်တွင် လားရှိုးမြို့မှ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူများအား ပြုစုကုသနိုင်ရေးအတွက်  ရန်ကုန်မြို့သို့ သွားရောက်ကြမည့် သူနာပြု (၂၀)ဦးကို ယမန်နေ့ ညနေ ()နာရီအချိန်က လားရှိုးမြို့ရှိ ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူးရုံးအစည်းအဝေးခန်းမ၌ တွေ့ဆုံရာ ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာတင်မောင်ညွန့် ၊လားရှိုးဆေးရုံအုပ်ကြီး ဒေါက်တာ ဉာဏ်မြင့် နှင့်တာဝန်ရှိသူများက ဂုဏ်ပြုအားပေးစကားများ ပြောကြားသည်။

ယင်းနောက်  ခရီးစဉ်အတွင်းအသုံးပြုရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ကမ္ဘောဇဘဏ်လီမိတက်မှ ရန်ကုန်မြို့သို့ သွားရောက်မည့် ကျန်းမာရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေ တစ်ဦးလျှင် ကျပ်နှစ်သိန်းစီကို လည်းကောင်း၊ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှု ကော်မတီမှ တစ်ကိုယ်ရေ သုံးပစ္စည်းများ နှင့်လားရှိုးမြို့ပေါ်ရှိ စေတနာရှင်အလှူရှင်များက ထောက်ပံ့ငွေ ၊ ကျန်းမာရေးသုံး ပစ္စည်းများကိုလည်းကောင်း  အသီးသီးပေးအပ်ခဲ့ကြသည်။

ရန်ကုန်မြို့သို့ သွားရောက်ကြမည့် သူနာပြု (၂၀)ဦးမှာ လားရှိုးပြည်သူ့ဆေးရုံကြီးမှ ()ဦး၊ နမ္မတူမြို့နယ် မိုင်းရင်တိုက်နယ်ဆေးရုံမှ ()ဦး၊ နမ္မတူပြည်သူ့ဆေးရုံမှ()ဦး၊ သီပေါပြည်သူ့ ဆေးရုံမှ()ဦး၊ မူဆယ်ပြည်သူ့ ဆေးရုံမှ()ဦး၊ နမ့်ခမ်းမြို့နယ် ဆာလုတိုက်နယ်ဆေးရုံမှ ()ဦး၊ နမ့်ခမ်းပြည်သူ့ဆေးရုံမှ ()ဦး၊ လောက်ကိုင် ပြည်သူ့ဆေးရုံမှ()ဦး၊    ကျောက်မဲမြို့ အေးသာယာRHC မှ ()ဦး၊ မိုင်းလုံ RHC မှ () ဦးဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့သို့ သွားရောက်ကြမည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ ကျန်းမာရေး ဝန်ထမ်းများအား လားရှိုးမြို့ရှိ ဒေသခံပြည်သူများ၊ ပရဟိတအသင်းအဖွဲ့များက လားရှိုးမြို့အထွက် မုခ်ဦး တွင်  ဂုဏ်ပြုပို့ဆောင် ပေးခဲ့ကြကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)