ပုသိမ် အောက်တိုဘာ ၂
ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့တွင် ကိုဗစ်-၁၉ ကာလ သမဝါယမမိသားစုများသို့ အခြေခံစားသောက်ကုန်များ ထောက်ပံပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီး သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စားသောက်ကုန်များ ထောက်ပံ့ခြင်းကို တိုင်းဦးစီးမှူး ဦးဌေးမြင့်အောင်က ကိုဗစ်-၁၉ ကာလ ဝန်ထမ်းများအတွက် အထောက်အပံ့ အနည်းငယ်ရစေခြင်းအကျိုးငှာ ထောက်ပံ့ခြင်း ဖြစ်ကြောင်းပြောကြားပြီး တာဝန်ရှိသူများက ဝန်ထမ်း ၉၂ ဦးအတွက် တစ်ဦးလျှင် ဆန် ၄ ပြည် ၊ ဆီ ၁ ပိသာနှင့် ကြက်သွန်နီ ၁ ပိသာတို့ကို ထောက်ပံပေးအပ်ခဲ့သည်။
ယင်းသို့ ဝန်ထမ်းများအား အခြေခံစားသောက်ကုန် ထောက်ပံပေးအပ်ခြင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ထောက်ပံ့ပေးအပ်ခဲ့ပြီး ၊တိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး သမဝါယမ အသင်းစုချုပ်မှ တာဝန်ရှိသူများ၊ ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
မောင်မောင်မြင့်(ပြန်/ဆက်)