မတူပီ အောက်တိုဘာ ၂
ချင်းပြည်နယ်၊ မတူပီမြို့၌ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်−၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ မိသားစုစားဝတ်နေရေး အဆင်ပြေစေရန် ရည်ရွယ်၍ အသက်(၈၀)နှင့် (၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများအား လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခြင်းကို ယမန်နေ့ နံနက်(၁၀) နာရီ အချိန်က ပေးအပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့ငွေပေးအပ်ရာတွင် ကိုဗစ်−၁၉ ရောဂါ ကာလအတွင်း သက်ကြီးဘိုးဘွားများအား စားဝတ်နေရေး အဆင်ပြေစေရန်အတွက် လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့သော ဘိုးဘွားတစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၃၀၀၀၀/-)နှုန်းဖြင့် မြိုနယ်အတွင်းရှိ အသက်(၈၀)နှစ် နှင့် (၈၅)နှစ်ကြား သက်ကြီးဘိုးဘွား (၃၀၀)ဦးအတွက် စုစုပေါင်း ထောက်ပံ့ငွေ ကျပ် (၉၀၀၀၀၀၀/− )ကို သက်ဆိုင်ရာ ရပ်ကွက် /ကျေေရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိ သူများက အိမ်တိုင်ရာရောက် လိုက်လံ ထောက်ပံ့ပေး အပ်ခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)