မချမ်းဘော့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

မချမ်းဘော့ ဧပြီ ၃

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့တွင် ကျောင်းသားလူငယ်များ စာဖတ်စွမ်းရည် မြင့်မားလာစေရန်နှင့် နွေရာသီကျောင်းပိတ်ရက်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန် ရည်ရွယ်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၁၀နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမရှိ ကလေးစာဖတ်ခန်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ဖုန်ကူးခါ့မိုင်က ပြိုင်ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကိုပြောကြားရာတွင် "သားတို့သမီးတို့ကို ယခုလို ပြိုင်ပွဲတွေ ကျင်းပပေးခြင်းဟာ သားတို့သမီးတို့ရဲ့ စွမ်းရည်တွေကို ဖော်ထုတ်ပေးတာဖြစ်လို့ ကြိုးစား ယှဉ်ပြိုင်ကြစေလိုကြောင်း၊ ယခုလိုပြိုင်ပွဲတွေ ယှဉ်ပြိုင်ပေးခြင်းကြောင့်လည်း စာဖတ်စွမ်းရည်တွေက ပြိုင်ပွဲတစ်ခုပြီးတိုင်း ပိုမိုတိုးတက်လာတာတွေ့ရလို့  ပြိုင်ပွဲကျင်းပပေးရကျိုးနပ်ကြောင်း" ထည့်သွင်း ပြောကြားခဲ့သည်။ ဆက်လက်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲကိုကျင်းပရာ မချမ်းဘော့မြို့နယ် ပြည်သူ့စာကြည့်တိုက် စာဖတ်ပရိတ်သတ် ကျောင်းသား/ကျောင်းသူ ၂၀ ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဆုလက်ဆောင်များ အသီးသီးပေးအပ်ခဲ့ကြသည်။

မချမ်းဘော့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးအနေဖြင့် ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ ဖြိုးတိုးတက်ရေးအတွက် သင်တန်းများ၊ စာဖတ်ဝိုင်းများ၊ ပြပွဲ၊ ပြိုင်ပွဲများကို အစဉ်သဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ယောရွှေနီ(မချမ်းဘော့)