အမာမြို့၌ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာ

အမာ   အောက်တိုဘာ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌  ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူများစာရင်းကို ယမန်နေ့ နံနက် ၉ နာရီမှ စတင်၍ အမာမြို့ရှိ ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာပေးလျက်ရှိသည်။

အမာမြို့တွင် မဲစာရင်းများ ပိုမိုပြည့်စုံ မှန်ကန်စေရန်အတွက် ပထမအကြိမ်မဲစာရင်းများ ကြေညာစဉ်က မဲစာရင်းတွင် နာမည်မပါရှိခြင်း၊ မပါဝင်သင့်သူများပါဝင်နေခြင်းနှင့် နာမည်ပါရှိပြီး အချက်အလက်များ မှားယွင်းနေခြင်းများ ကို ပြင်ဆင်ဖြည့်စွက်ပြီး ဒုတိယ အကြိမ်အဖြစ် မဲစာရင်းများ ကပ်ထားကြေညာခြင်း ကို အောက်တိုဘာလ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကြေညာပေးမည်ဖြစ်ပြီး မဲဆန္ဒရှင်များအနေဖြင့် လာရောက် ကြည့်ရှုစစ်ဆေးပြီး မှားယွင်းမှုများရှိနေပါက သတ်မှတ်ပုံစံများဖြင့် ပြန်လည်လျှောက်ထား နိုင်ကြောင်း သိရသည်။

အမာမြို့တွင် ရပ်ကွက်(၄)ရပ်ကွက်၌ မဲရုံ (၄)ရုံထားရှိကာ ဆန္ဒမဲပေးခွင့်ရှိသူ  ကျား(၁၀၆၅)ဦး၊ မ(၁၂၀၀)ဦး၊ စုစုပေါင်း (၂၂၆၄)ဦး  ရှိကြောင်း ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

နော်လေး(အမာ)