အိမ်မဲမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲလုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

အိမ်မဲ   အောက်တိုဘာ   ၂

ဧရာ၀တီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ၂၀၂၀ ပြည့်နှစ်၊ နို၀င်ဘာ(၈)ရက် နေ့တွင်ကျင်းပပြုလုပ်မည့်  ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၃ နာရီတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ဖွဲ့ခွဲရုံး၌ ကျင်းပြုလုပ်ခဲ့ကြောင်းသိရသည်။

အစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကြည်၀င်းက မြို့နယ်၏ မဲဆန္ဒအမည်စာရင်းများ ပြည့်စုံမှန်ကန်ရေး နောက်ဆုံးအကြိမ် ပြင်ဆင်ထားရှိပြီး အောက်တိုဘာလ ၁ ရက်မှစ၍ ၁၄ ရက်နေ့အထိ ရပ်ကွက်ကျေးရွာကော်မရှင် အဖွဲ့ခွဲရုံးများတွင် ထုတ်ပြန်ကြော်ငြာထားရှိမှု၊ ဆန္ဒမဲပေးခွင့်ရှိသူများ မကျန်ရေးဆောင်ရွက် ထားရှိမှု အိမ်မဲမြို့နယ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင်မဲရုံမှူး တာ၀န်ပေးခန့်အပ် လွှာများ ပေးအပ်နိုင်ရေး၊ မဲရုံမှူး၊ ဒုမဲရုံမှူးများအား သင်တန်းများဖွင့်လှစ်နိုင်ရေး ရှင်းလင်း ဆွေးနွေးခဲ့သည်။

ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ၀င်များမှ လုပ်ငန်းကဏ္ဍအလိုက် အသေးစိတ် ဆွေးနွေးခဲ့ကြသည်။

အိမ်မဲမြို့နယ်အနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင်   ရပ်ကွက်  ကျေးရွာအုပ်စု  ၁၀၂  အုပ်စု၌ မဲရုံပေါင်း ၁၆၂ ရုံ ဖွင့်လှစ်ထားရှိပြီး ဆန္ဒမဲပေး  ခွင့်ရှိသူ  ကျား−  ၇၁၈၁၈၊  မ−  ၇၇၃၇၃ဦး၊  စုစုပေါင်း−  ၁၄၉၁၉၁ ဦး ကရင်တိုင်းရင်းသားလူမျိုး ဆန္ဒမဲပေး  ခွင့်ရှိသူ  ကျား−၃၇၃၃၃ ၊  မ− ၃၉၅၄၆ ဦး၊ စုစုပေါင်း−၇၆၈၇၉ ဦး၊ ရခိုင်တိုင်းရင်းသား လူမျိုးဆန္ဒမဲပေး ခွင့်ရှိသူ ကျား−၄၂ ၊  မ− ၂၃ ဦး၊စုစုပေါင်း− ၆၅ ဦး ရှိကြောင်းသိရသည်။

ဌေးဌေးလှိုင်(ပြန်/ဆက်)