အိမ်မဲမြို့၌ မဲဆန္ဒရှင်အမည်စာရင်းများအားဒုတိယအကြိမ် ထုတ်ပြန်ကြေညာ

အိမ်မဲ  အောက်တိုဘာ ၂

အိမ်မဲမြို့နယ်၌ ၂၀၂၀ပြည့်နှစ်  နို၀င်ဘာလ(၈)  ရက်နေ့တွင်   ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူများစာရင်းကို မြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများတွင် ယမန်နေ့နံနက်ပိုင်း မှစ၍ ဒုတိယအကြိမ် ထုတ်ပြန်ကြေငြာ ထားပေးလျှက်ရှိကြောင်းသိရသည်။

ပထမအကြိမ်  ကြေငြာပေးခဲ့စဉ်က မဲစာရင်းတွင် နာမည်မပါခြင်း၊ မှားယွင်းနေသည့် အချက်များရှိပါက ပြင်ဆင်ခြင်း၊ မပါ၀င်သင့်သူများကိုပယ်ဖျက်ခြင်းစသည့်လုပ်ငန်းစဉ်များဆောင်ရွက်ခဲ့ပြီးပြင်ဆင်ပြီးမဲစာရင်းများကိုယခုဒုတိယအကြိမ်ကြေငြာခြင်းဖြစ်ပြီးပြည်သူများအနေဖြင့် လာရောက်ကြည့်ရှုစစ်ဆေးပြီး မဲစာရင်းတွင် မိမိအမည်မပါ၀င်ပါကပုံစံ(၃)၊ ပုံစံ(၄)နှင့်(၄−ဂ) တို့ဖြင့် လာရောက်ပြင်ဆင် ဆောင်ရွက်နိုင်ကြောင်းနှင့် ဒုတိယအကြိမ် မဲစာရင်းကို အောက်တိုဘာလ(၁)ရက်နေ့မှ(၁၄)ရက်နေ့အထိကြေငြာ ကပ်ထားပေးသွား မည်ဖြစ်ကြောင်း သိရှိရသည်။

အိမ်မဲမြို့နယ်အနေဖြင့် ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင်   ရပ်ကွက်  ကျေးရွာအုပ်စု  ၁၀၂  အုပ်စု၌  မဲရုံပေါင်း ၁၆၂ ရုံဖွင့်လှစ်ထားရှိပြီး ၊ ဆန္ဒမဲပေး ခွင့်ရှိသူ     ကျား−  ၇၁၈၁၈၊      မ−  ၇၇၃၇၃ဦး၊ စုစုပေါင်း−  ၁၄၉၁၉၁ ဦး ရှိကြောင်းသိရသည်။

ဌေးဌေးလှိုင်(ပြန်/ဆက်)