တွန်းဇံ၌ ဒုတိယအကြိမ် အခြေခံမဲစာရင်း ထုတ်ပြန်ကြေညာ

တွန်းဇံ  အောက်တိုဘာ

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ()ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်အမည်စာရင်းကို ယမန်နေ့က ဒုတိယအကြိမ် ထုတ်ပြန် ကြေငြာပေးခဲ့သည်။

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ()ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွောကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆန္ဒမဲပေးပိုင်ခွင့် ရှိသည့် မဲဆန္ဒရှင် အမည်စာရင်းကို ဒုတိယအကြိမ် ထုတ်ပြန်ကြေငြာခဲ့သည်။

ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်များအတွက် မဲစာရင်းတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ၏ အမည်စာရင်း ပါဝင်မှု ရှိ/မရှိ၊ မှန်ကန်မှုရှိ/မရှိ၊ ဆန္ဒမဲပေးပိုင်ခွင့်မရှိသူ၏ အမည်စာရင်းများ ပါဝင်မှုရှိ/မရှိ သိရှိနိုင်စေရေး နှင့် တိကျမှန်ကန်သော အခြေခံမဲဆန္ဒရှင်းစာရင်း ရရှိနိုင်ရေးအတွင် မြို့နယ်၊ ရပ်ကွက်/ကျေးရွာ ကော်မရှိအဖွဲ့ခွဲများမှ ဒုတိယအကြိမ် ထုတ်ပြန်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

ဝေဖြိုး(ဇလပ်မြေ)