မအူပင်မြို့တွင် တလုပ်လှငါးလုပ်ငန်းစခန်း ဝန်ထမ်းမိသားစုများမှ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများအတွက် အလှူငွေနှင့် ကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများလှူဒါန်း

မအူပင်  အောက်တိုဘာ  ၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ငါးလုပ်ငန်းဦးစီးဌာန၊ တလုပ်လှငါးလုပ်ငန်း စခန်းတာဝန်ခံ ဒေါ်အေးအေးမင်းနှင့် ဝန်ထမ်းမိသားစုများက ရုံးစိုက်ရာ တလုပ်လပ်အရှေ့ကျေးရွာအတွက် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအတွက် အလှူငွေနှင့် ကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများအား ယမန်နေ့ မွန်းပိုင်းတွင် လှူဒါန်းခဲ့ကြောင်း သိရသည်။

တလုပ်လှငါးလုပ်ငန်းစခန်းတာဝန်ခံ ဒေါ်အေးအေးမင်းနှင့် ဝန်ထမ်းမိသားစုများက တလုပ်လပ်အရှေ့ကျေးရွာ အနှိုင်းမဲ့နာရေးကူညီမှုအသင်းအတွက် ( ၅၀၀၀၀)ငါးသောင်းကျပ်၊ ကျေးရွာ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးအတွက် (၅၀၀၀၀)ငါးသောင်းကျပ်၊ ရွာဦးဘုန်းတော်ကြီး ကျောင်းဆရာတော်နှင့် သံဃာတော်များအတွက် ဆန်(၁၂)ပြည်၊ ဆီ (၆)ပိသာ၊ ကျေးရွာ ကျန်းမာရေးဆေးပေးခန်းအတွက် ကိုဗစ်ကာကွယ်ရေးဆေးခန်းသုံးပစ္စည်းများလှူဒါန်းရာ တလုပ်လပ်အရှေ့ကျေးရွာ အုပ်ချုပ်ရေးမှုးနှင့် ကျေးရွာအနှိုင်းမဲ့နာရေး ကူညီမှုအသင်းနာယက ဦးဇော်ဝေတို့က လက်ခံခဲ့ကြောင်းသိရသည်။

အောင်ခိုင် ၊ အောင်မြင့်မြတ်(မအူပင်)