တွန်းဇံ အောက်တိုဘာ ၂
ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်ပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီ အချိန်တွင် ဆောင်ရွက်ခဲ့သည်။
တွန်းဇံမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် တွန်းဇံမြို့ရှိ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်စုရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များ အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော် ဆောင်ရွက် ပေးလျက်ရှိသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များ၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်မှု ကော်မတီ၏ ကိုဗစ်-၁၉ရောဂါဆိုင်ရာ လုပ်ငန်းများတွင် ပြည်သူများ သိရှိလိုက်ရန် ထုန်ပြန်ချက်များကို ကျေးလက်နေ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန် သိရှိနိုင်စေရေးအတွက် အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော် ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
ဝေဖြိုး(ဇလပ်မြေ)