ဘိုကလေးမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အတွင်း သဘာဝဘေးသင့် အိမ်ထောင်စု (၁၉)စုနှင့် မိုးကြိုးဘေးသင့်သူ(၇)ဦးအတွက် ကူညီထောက်ပံ့ပေးအပ်နိုင်ခဲ့

ဘိုကလေး အောက်တိုဘာ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းမှ သဘာဝဘေးသင့် ပြည်သူများအား အချိန်နှင့်တပြေးညီ ကူညီထောက်ပံ့ပေးလျက်ရှိရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ဘိုကလေးမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် မီးဘေး(၄)ကြိမ်၊ လေဘေး(၅)ကြိမ်၊ ကမ်းပြိုဘေး(၁)ကြိမ်နှင့် မိုးကြိုးဘေး (၅)ကြိမ်တို့တွင် ဘေးသင့်အိမ်ထောင်စု စုစုပေါင်း(၁၉)စုနှင့် မိုးကြိုးဘေးသင့်သူ(၇)ဦးအား ကူညီထောက်ပံ့ပေးနိုင်ခဲ့သည်။

ဘိုကလေးမြို့နယ်တွင် မီးဘေးဖြစ်ပွားမှု (၄)ကြိမ်ရှိခဲ့ရာ မီးဘေးသင့် အိမ်ထောင်စု(၇)စုမှ လူဦးရေ (၂၆)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ စုစုပေါင်း(၇၀၀၀၀၀)ကျပ်၊ လေဘေး(၅)ကြိမ်ဖြစ်ပွားမှုအတွက် လေဘေးသင့် အိမ်ထောင်စု(၁၁)စုမှ လူဦးရေ (၅၄)ဦး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၉၅၀၀၀၀)ကျပ်၊ ကမ်းပြိုဘေး (၁)ကြိမ်အတွက် ဘေးသင့်အိမ်ထောင်စု(၁)စုမှ လူဦးရေ(၂)ဦးအတွက် အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀)ကျပ် တို့အပြင် ဘေးသင့် အိမ်ထောင်စုများအားလုံးအတွက် ဆန်ရိက္ခာ(၇)ရက်စာနှင့် ကယ်ဆယ်ရေး ပစ္စည်းများပါ ထောက်ပံ့ပေးအပ် နိုင်ခဲ့ကြောင်းသိရသည်။

ထို့အပြင် မိုးဦး၊ မိုးနှောင်းကာလများတွင် မိုးကြိုးဘေးကျရောက်လေ့ရှိရာ ဘိုကလေး မြို့နယ်တွင် မိုးကြိုး(၅)ကြိမ် ဖြစ်ပွားခဲ့သည့်အနက် သေဆုံးသူ(၄)ဦးနှင့် ဒဏ်ရာရသူ(၃)ဦး တို့အတွက် ထောက်ပံ့ငွေကျပ်(၁၃၅၀၀၀၀)အား ဘေးသင့်ပြည်သူ များ၏ မိသားစု လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်နိုင်ခဲ့ကြောင်းလည်း မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု  ဦးစီးဌာနမှ သိရသည်။

ဘိုကလေးမြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု  ဦးစီးဌာနအနေဖြင် ပြည်သူများထံအရောက် ကွင်းဆင်း၍ သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲများ၊ လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ယခုလက်ရှိဖြစ်ပွားနေသည့် ကိုဗစ်-၁၉ အသိပညာပေးလှုပ်ရှားမှုများကိုလည်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက် နိုင်ခဲ့ကြောင်း လည်းသိရသည်။

မိုးစက်(ဘိုကလေး)