တွန်းဇံ၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ သက်ကြီးရွယ်အိုများအား ထောက်ပံ့ငွေများ ထောက်ပံ့ပေး

တွန်းဇံ  အောက်တိုဘာ

ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ()ရေက်နေ့ နံနက်(၁၁)နာရီအချိန်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ သက်ကြီးရွယ်အိုများအား ထောက်ပံ့ငွေများ ထောက်ပံ့ပေး လျက်ရှိသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနသည် ကိုဗစ်-၁၉ စီးပွားရေးကုစုးမှု အစီအစဉ်အရ အသက်(၈၀)နှစ် တင်းတင်းပြည့်ပြီး အသက်(၈၅)နှစ် တင်းတင်း မပြည့်သေးသည့် သက်ကြီးရွယ်အိုများအား ထောက်ပံ့ငွေများကို သက်ကြီးဘိုးဘွား တစ်ဦးလျှင်ကျပ်(၃၀၀၀၀/-)နှုန်းဖြင့် သက်ကြီး ဘိုးဘွားများ၏ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးခဲ့သည်။

တွန်းဇံမြို့နယ်တွင် အသက်(၈၀)နှင့် (၈၅)နှစ်ကြားရှိ သက်ကြီးဘိုးဘွား(၁၁၅)ဦးရှိပြီး လူမှုရေးပင်စင် ခံစားနေသော အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၁၄၄)ဦးရှိကြောင်း သိရသည်။

ဝေဖြိုး(ဇလပ်မြေ)