ကြံခင်း အောက်တိုဘာ ၂
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့တွင်၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးအတွက် မဲရုံလုံခြုံရေး ဆောင်ရွက်မည့် အထူးရဲသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းတွင် ကြံခင်းမြို့ ဧရာဦးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ပထမဦးစွာ ကြံခင်းမြို့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထွန်းလင်းမော်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှုး ဦးကျော်ကျော်လွင်မှ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် မဲဆန္ဒရှင် ပြည်သူများ၏လုံခြုံမှု ကာကွယ်ပေးမည့်အထူးရဲများ အားလေးစားပါကြောင်း ၊ မိမိရပ်ရွာနေပြည်သူများ ကအားကိုးထိုက်သောအထူးရဲများဖြစ်အောင်ကြိုးပမ်းဆောင်ရွက်ကြဖို့ပြောကြားသည်။
ထိုနောက် ကြံခင်းမြို့ မြိုနယ်ရဲတပ်ဖွဲ့မှူးရဲမှူး အောင်မင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး သင်တန်းစည်းမျဉ်း စည်းကမ်းများအား လိုက်နာရန်၊ သင်တန်းမှပို့ချသော ဘာသာရပ်များအား အထူးအလေးထား မှတ်သားကြရန်၊ ရဲကျင့်ဝတ်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများသိရှိ ဆောင်ရွက်နိုင်ရန်ရှင်းလင်း ပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထွန်းလင်းမော်၊ အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသော်ဇင်ဝင်း၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လွင်၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးမြင့်လွင် ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မင်းနှင့် တာဝန်ရှိသူများ၊ အထူးရဲသင်တန်းသားများ တတ်ရောက်ခဲ့ကြကြောင်းနှင့် သင်တန်းကာလမှာ အောက်တိုဘာလ (၁)ရက်နေ့မှ(၂၈)ရက်နေ့အထိ ဖွင့်လှစ်သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း၊ သင်တန်းသား (၉၄)ဦးတတ်ရောက်မှာဖြစ်ပြီး သင်တန်းသားများအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ နေရာများခွဲပြီး ပို့ချသင်ကြား ပေးမည်ဖြစ်ကြောင်း သိရသည်။
မိုးမိုး(ပြန်/ဆက်)