သာပေါင်း အောက်တိုဘာ ၂
သာပေါင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မဲရုံများလုံခြုံရေးအတွက် ခန့်အပ်ထားသော အထူးရဲများအား သင်တန်းဖွင့်လှစ်ပို့ချခြင်းကို အောက်တိုဘာလ ၁ ရက် နေ့ နံနက် ၉ နာရီအချိန်ခန့်က အထက သာပေါင်းကျောင်းရှိ သော်ကဆောင် အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ သင်တန်းတွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန် ရေးကော်မတ ီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့နိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဝေမြင့် က သင်တန်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန် ချက်များနှင့်အညီ စည်းကမ်းတကျ သင်ကြားလိုက်နာခံယူကြရန် မှာကြားပြီးနောက် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့နိုင်မှ အထူးရဲ သင်တန်းသား(၂၀၃)ယောက်အသုံးပြုရန် Mask အခု(၇၀၀)၊ လက်သန့်ဆေးရည်(၁၅)ဗူး တိုအား ပေးအပ်ခဲ့သည်။
အဆိုပါ သင်တန်းကို အထူးရဲသင်တန်းသား (၁၃၆)နှင့် ဘုရားကုန်းနယ်မြေရဲစခန်းမှ အထူးရဲ (၆၇) တို့ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ အောက်တို ဘာလ ၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ (၄) ပတ်ကြာ စစ်ရေးပြ (လက်နက်မဲ့)၊ ရဲကျင့်ဝတ်၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနှင့် သိမှတ်ဖွယ်ရာများ၊ သတင်းမီဒီယာ ဥပဒေနှင့် ၊ ရဲကျင့်ဝတ်၊ ရဲစည်းကမ်း၊ ရဲအက်၊ လူ့အခွင့် အရေးနှင့် ရာဇသတ်ကြီး သင်ခန်းစာများကို သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းဝေမြင့် က ပြောကြားပါသည်။
မျိုးဇော်သိန်း (ပြန်/ဆက်)