စွမ်းရည်မြှင့်သင်တန်း (၁/၂၀၂၀) မှ သင်တန်းသား၊ သင်တန်းသူများ အမျိုးသား စာကြည့်တိုက် နှင့် အမျိုးသားပြတိုက်များသို့ သွားရောက်လေ့လာ

နေပြည်တော်   ဖေဖော်ဝါရီ  ၂၈

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက နေပြည်တော်တွင် ဖွင့်လှစ်ထားသော စွမ်းရည်မြှင့်သင်တန်း (၁/၂၀၂၀) မှ သင်တန်းသား၊ သင်တန်းသူများသည် ယမန်နေ့ မွန်းလွဲ ၁ နာရီက နေပြည်တော်ရှိ အမျိုးသားစာကြည့်တိုက်နှင့် အမျိုးသားပြတိုက် များသို့ သွားရောက်လေ့လာခဲ့ကြကြောင်း သိရသည်။

လေ့လာရေးအဖွဲ့သည် အမျိုးသားစာကြည့်တိုက်နှင့် အမျိုးသားပြတိုက်သို့ ရောက်ရှိကြပြီး စာကြည့်တိုက်တွင် ခင်းကျင်းပြသထားမှုများ၊ စာကြည့်တိုက်လုပ်ငန်း ဆောင်ရွက်မှုများနှင့် အမျိုးသားပြတိုက်တွင် ခင်းကျင်းပြသထားသည့် ပြခန်းများကို လေ့လာကြရာ အမျိုးသား စာကြည့်တိုက်နှင့် အမျိုးသားပြတိုက်များမှ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြသည်။

အဆိုပါ လေ့လာရေးခရီးစဉ်ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နေပြည်တော် (ရုံးချုပ်) မှ တာဝန်ရှိသူများ၏ စီစဉ်ပေးမှုဖြင့် သင်တန်းသား၊ သင်တန်းသူ (၃၅) ဦးတို့က သွားရောက်လေ့လာကြခြင်းဖြစ်ကြောင်း သိရသည်။

ဇော်လင်းဦး(အောင်စံ)