ရေဇွာမြို့ ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ကြေညာ

ရေဇွာ  အောက်တိုဘာ  ၂

၂၀၂၀ ပြည့်နှစ်၊နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီရွေးကောက် ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်၊ကျေးရွာများတွင် အသက် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ များစာရင်း ဒုတိယအကြိမ် ထုတ်ပြန်ကြေညာခြင်းကို အောက် တိုဘာ(၁)ရက်နေ့မှ စတင်၍ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဒုတိယ အကြိမ်ထုတ်ပြန်ကြေညာ လျက်ရှိကြောင်းသိရသည်။

အဆိုပါ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများစာရင်း ဒုတိယအကြိမ်  ထုတ်ပြန်ကြေညာခြင်းကို အောက်တိုဘာလ(၁)ရက်နေ့မှ (၁၄)ရက်နေ့အထိ ရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာခဲ့ရာ ဆန္ဒမဲစာရင်းတွင် မိမိနာမည်ပါဝင်ခြင်း မရှိပါကပုံစံ(၃)ဖြင့် အမည်ထည့်သွင်းရန်တောင်းဆိုခြင်း၊ မဲစာရင်းတွင်မပါဝင်သင့်သူ များ ပါဝင်နေပါကပုံစံ(၄)ဖြင့်ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက်လက်များ မှားယွင်းနေပါက ပုံစံ-၄(ဂ) ပြင်ဆင်လွှာတင်သွင်းခြင်းများကို သက်ဆိုင်ရာမဲရုံများမှ စိစစ်ဆောင် ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ မဲဆန္ဒရှင်စာရင်းများ  ဒုတိယအကြိမ် ထုတ်ပြန်ကြေညာရာတွင်ရေဇွာမြို့ ရပ်ကွက်(၄) ရပ်ကွက်မှမဲရုံး(၃)ခု သတ်မှတ်ထားရှိရာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူကျား(၇၃၈)ဦး၊မ(၉၃၇)ဦး၊စုစုပေါင်း(၁၆၇၅)ဦး ရှိကြောင်းရေဇွာမြို့ ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲရုံး များမှသိရသည်။

ဟုန်းအွမ်(ပြန်/ဆက်)